ပုလောမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေး

ပုလော  မေ  ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ (၃)နာရီက ပုလောမြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး အတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့် အညီ  လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ပုလောမြို့နယ် ပညာရေးမှူး ဒေါ်လှလှအေးက  အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကျောင်းအုပ်ဆရာ/မ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် မိဘအုပ်ထိန်းသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါ၀င် ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပုလောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/မကြီးများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ တာ၀န်ခံများ တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာကြသူများက မိမိတို့ ရပ်ကွက်/ကျေးရွာ အသီးသီးရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် တွေ့ကြုံရနိုင်သည့် အခက်အခဲနှင့် ပြသနာများကို တာ၀န်ရှိသူများနှင့် အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)