ဖြူး မေ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးခန်းမ၌ ယမန်နေ့ညနေ ၄:၀၀ နာရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးစန်းထွေးအောင်က ဆွေးနွေးပွဲပြုလုပ်ရခြင်းမှာ ကော်မတီဝင်များနှင့် ကျေးရွာသူ/သားအကြား ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်ရန်၊ စီမံကိန်း၏ အကျိုးကျေးဇူးနှင့် ဆောင်ရွက်ပြီးသည့် လုပ်ငန်းစဉ် နှင့် ဆောင်ရွက်ရန်ကျန်သည့် လုပ်ငန်းကို ပေါင်းစပ်ညှိပေးရန် ရည်ရွယ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖြူးမြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၅၅)ရွာမှ ကော်မတီ၀င်များ တတ်ရောက်ကာ မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍ အကြံပြု တင်ပြဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မနွယ်(ဖြူး)