ထားဝယ်မြို့၌ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ် မေ ၅ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ ဖူဆယ်အားကစားခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော လောင်းလုံးအသင်းနှင့် ကျွန်းစုအသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ လောင်းလုံး အသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသည်။ ထိုနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပွဲစဉ်တစ်လျှောက် အကူအညီပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက အကောင်းဆုံး အားကစားသမားဆုနှင့် ဒုတိယဆုရရှိသော လောင်းလုံးအသင်းတို့အား တစ်ဦးချင်းဆု နှင့် ငွေသားဆုချီးမြှင့်သည်။ ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ဇေယျက ပထမဆု ရရှိသော လောင်းလုံးအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးတင်အောင်က ပထမဆုရရှိသော လောင်းလုံး အသင်းအား တံခွန်စိုက် ဒိုင်းဆုချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။

(တိုင်းဒေသကြီးပြန်/ဆက်)