ဝေါ မေ ၅
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ခုတင်(၂၅)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ် ကျန်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မိုးနိုင်၏ ကြီးကြပ်မှုဖြင့် လက်ထောက် ဆရာဝန်(၁)ဦး၊ သူနာပြု(၈)ဦး တို့ဖြင့် နေ့ညမပြက် လူနာများအား လက်ခံကုသပေးလျက် ရှိကြောင်း သိရ သည်။
ပြင်ပလူနာများကိုလည်း ဆရာဝန်ကြီးများက ဖျားနာလူနာ၊ သားဖွား/မီးယပ် လူနာ၊ ကလေးလူနာများက နေ့စဉ်လက်ခံကုသပေးလျက်ရှိသည်။
ဝေါမြို့နယ်အတွင်းရှိ ဝေါမြို့နယ် ပြည်သူ့ဆေးရုံ၊ မြစ်ကျိုး တိုက်နယ်ဆေးရုံ၊ သူရဲသူမိန်တိုက်နယ်ဆေးရုံ၊ ညောင်ခါးရှည်တိုက်နယ်ဆေးရုံ၊ ဖိုးဦးစိန်တိုက်နယ် ဆေးရုံ၊ မြို့နယ်ကျန်းမာရေးရုံးနှင့် မိခင်ကလေး MCH မြစ်ကျိုး SHU၊ သူရဲသူမိန် RHC ၊ ညောင်ခါးရှည် RHC ၊ ကော့ဝင်း RHC ၊ ကဒွတ် RHC ၊ တောကြီး RHC ၊ ဝိုင်းပါတ် RHC ၊ ဖိုးဦးစိန် RHC ၊ ဘုရားပျို RHC ကျန်းမာရေးဌာနများတွင်လည်း ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ပြည်သူများအားနေ့စဉ် ဆေးကုသပေး လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနိုင်ထံမှ သိရသည်။
ဝေါမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်လူနာ ကျား(၁၉)ဦး၊ မ(၂၃)ဦး စုစုပေါင်း(၄၂)ဦးရှိ ဆေးကုသပေးလျက်ရှိပြီး ယနေ့တွင် ဆေးသကုပေးသူ (၃၁) ဦး ရှိကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)