(၇၅)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

 

မင်းလှ  မေ ၄

မေလ (၅) ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် ပဲခူး တိုင်းဒေသကြီး ၊မင်းလှမြို့နယ်မီးသတ်ဦးစီးဌာနက  ယမန်နေ့က ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်နှင့် တပ်ဖွဲ့ဝင် များတို့က ထောက်ကြံကွင်း(အမ်) အုပ်စု ၊ ထောက်ကြန့်ကွင်း(အမ်) ကျေးရွာ သဒ္ဓမ္မမဏ္ဏိုင် ဘုန်းတော်ကြီး ကျောင်း၌ စေတီတော်ကို ရေသပ္ပာယ်ခြင်း၊ ဘုရားပန်းအိုးများလဲလှယ်ခြင်းနှင့် ကျောင်းဝန်း အတွင်း သန့်ရှင်းရေးများကိုစုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပေါက်စ ပြန်/ ဆက်