၇၅ နှစ်မြောက် စိန်ရတု မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်လေးပင်မြိုနယ် မီးသတ် ဦးစီး ဌာနမှ ဘိုးဘွားရိပ်သာသို့ အလှူငွေများလှူဒါန်း

 

ညောင်လေးပင် မေ

၂၀၂၁ ခုနှစ် မေလ ၅ ရက် ယနေ့တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတုအထိမ်းအမှတ် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းက  ညောင်လေးပင်မြို့ရှိ ဘိုးဘွားရိပ်သာသို့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစီးအရာရှိ ဦးသိန်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ပြီး တပ်ဖွဲ့ဝင်များ စုပေါင်း၍ အလှူငွေ(၇၇၀၀၀/-)(ကျပ်ခုနှစ်သောင်းခုနှစ်ထောင်တိတိ)တို့ကို ညောင်လေးပင်မြို့ ဘိုးဘွားရိပ်သာသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)