ပုသိမ်မြို့ ဘက်စုံလူမှုကူညီရေးအဖွဲ့က သောက်သုံးရေများ ကျေးရွာများအရောက် သွားရောက်လှူဒါန်း

ပုသိမ် မေ
ပုသိမ်-မော်တင် ကားလမ်းတလျောက်ရှိ ရေပြတ်လပ်လျက်ရှိနေသောစိန်မြတောင်ကျေးရွာ  အုပ်စုရှိ ကျေးရွာခွဲ ၅ ရွာသို့ ပုသိမ်မြိုဘက်စုံလူမှုကူညီရေးအဖွဲ့မှ ရေသယ် ယာဉ်ဖြင့် ရေ (၃၂၀၀) ဂါလံကို ယမန်နေ့က သွားရောက်ပို့ဆောင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး ညနေပိုင်းအချိန်တွင် ပုသိမ်-ငပုတော ကားလမ်းတစ်လျောက်ရှိ ရေပြတ်လပ်လျက် ရှိနေသော ဝဲကြီး၊ ပေပင်လေး၊ ဒလယ်ချောင်း၊ ဖျံရေကျော်၊ သက်ကယ်ချောင်း၊ ပဒဲကော၊ တံခွန်တိုင် စသည့် ကျေးရွာများသို့ ဘက်စုံလူမှုကူညီရေးအဖွဲ့မရေသယ်ယာဉ်ဖြင့် ရေဂါလံ (၂၈၀၀) သွား ရောက်ပို့ဆောင်လှူဒါန်းခဲ့ကြပြီး ဆက်လက်၍လည်း သောက်သုံးရေ ရှားပါးနေသောနေရာများသို့ ပေးပို့လှူဒါန်းရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

မောင်မောင်မြင့်