မြင်းမူ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယမန်နေ့ မွန်းလွဲ(၂)နာရီက မြင်းမူမြို့နယ် ပျော့ရွာကျေးရှိ မြစ်ရေတင် စီမံကိန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက တောင်သူများအား မြစ်ရေပေးဝေနေမှုအခြေအနေများ၊ စိုက်ပျိုးသွားမည့် လယ်ဧကအခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ရေပေးဝေနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် မြင်းမူမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန် မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုက မြို့နယ်အတွင်း ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြ၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို တင်ပြ ဆွေးနွေးကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြင်မူမြို့ ဧရာဝတီမြစ်ကမ်း View Point တည်ဆောက်နေမှုနှင့် ဆေးရုံကြီးတို့သို့ သွားရောက် ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆေးရုံတက်ရောက်ကုသနေသည့် လူနာအခြေအ နေများကို ရှင်းလင်းတင်ပြပေးခဲ့ကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆေးရုံ တက်ရောက်ကုသ နေသည့် လူနာများကို လှည့်လည်ကြည့်ရှုပြီး အားပေးစကားများ ပြောကြာကာ အလှူငွေများ ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အောင်စိုးဖေ