ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)အတွင်း မြေကွက်မဲနှိုက်ရရှိပြီး မြေကွက်တန်ဖိုးပေးသွင်းပြီးသူများမှ အိမ်အမြန် ဆောက်လုပ်နိုင်ရေးနှင့် မြေပေးမိန့် အမြန်ထုတ်ယူနိုင်ရေး တွေ့ဆုံပွဲသို့ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက်

ဟားခါး မေ ၁

ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)အတွင်း မြေကွက်မဲနှိုက်ရရှိပြီး မြေကွက်တန်ဖိုး ပေးသွင်းပြီးသူများမှ အိမ်အမြန် ဆောက်လုပ်နိုင်ရေးနှင့် မြေပေးမိန့်အမြန်ထုတ်ယူနိုင်ရေး တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဟားခါးမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည် ဖော်ရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ကောင်စီ အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။

ရှေးဦးစွာ ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတဥက္ကဋ္ဌ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည် ဖော်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

ထို့နောက် ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီဝင်များဖြစ်သည့် ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးလွှန်ဆဝုန်းနှင့် ကော်မတီဝင် များက ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)အတွင်း မြေကွက်မဲနှိုက်ရရှိပြီး မြေကွက်တန်ဖိုး ပေးသွင်းပြီးသူ များက မြေပေးမိန့်အမြန်ထုတ်ယူ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ထားမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေ အနေများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ဟားခါးမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မေးမြန်းချက်များကို ထပ်ဆင့်ရှင်းလင်းပေးခဲ့ကြပြီး ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့၊ မြို့ပြစီမံကိန်း ဧက(၆၇၆)အတွင်း မြေကွက်မဲနှိုက်ရရှိပြီး မြေကွက်တန်ဖိုး ပေးသွင်းပြီးသူများအား မြေပေးမိန့် နှင့် လိုအပ်သည့်ပုံစံများ အမြန်ထုတ်ပေးနိုင်ရေးအတွက် ဧပြီလ(၃၀) ရက်နေ့နှင့် မေလ(၁)ရက်နေ့တွင် အပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)