မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ မင်းတုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ မင်းတုန်းမြိုနယ်ဌာနဆိုင်ရာ ဝန်ထမ်းများ အား တွေ့ဆုံ မှာကြား

မင်းတုန်း ဧပြီ ၂၉

မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းဦး၊ အဖွဲ့ဝင်(၄)ဦးစိုးပိုင်မြင့်၊ အဖွဲ့ဝင်(၅) ရဲမှူးကြီးလှိုင်တင့်နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ဧပြီလ ၂၇ ရက် မွန်းလွဲ ၂ နာရီက မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၄) ရပ်ကွက်ရှိ သာယာရွှေပြည်လမ်း၊ ကွန်ကရစ်ခင်းနေမှု ပြီးစီးမှုအခြေအနေနှင့် မင်းတုန်းမြို့ အထကနှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မင်းတုန်းမြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးတင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မူဝါဒများချမှတ်၍ ဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ကျရာ အခန်းကဏ္ဍများအလိုက် နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေများနှင့်အညီနေထိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးမင်းဦး၊ အဖွဲ့ဝင်(၅) ရဲမှူးကြီးလှိုင်တင့်က နယ်မြေလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မင်းတုန်းမြို့နယ်စီမံ အုပ်ချုပ်ရေးဉက္ကဋ္ဌ ဦးကျော်သူစိုးက မင်းတုန်းမြို့နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။

ချင်းကလေး