ရေဦး ဧပြီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦး ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ဒေသခံပြည်သူများအား COVID -19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် စာရေး၀န်ထမ်းများ၊ မြို့နယ်ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်နှင့် ကျန်းမာရေးမှုးများ ကျန်းမာရေးဆရာဆရာမများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းစစ်ဆေးပြီး ဆေးထိုးနှံ ပေးခြင်းကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေး ခဲ့ကြသည်။
ရေဦးမြို့နယ်တွင် မတ်လစတုတ္ထပတ်က Covid-19 ကာကွယ်ဆေးထိုးပြီးသူ သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ၀န်ထမ်းဦးရေ ၆၀၀ ကျော်နှင့် နိုင်ငံ၀န်ထမ်းမိသားစု၀င်များပါ ထိုးနှံပေး ခဲ့ကြောင်း၊ ဆက်လက်၍ ဧပြီလ ၂၆ ရက်နေ့မှစ၍ ဧပြီ ၃၀ ရက်နေ့အထိ ရပ်ကွက်ကျေးရွာ အုပ်စု ၆၇ အုပ်စုမှ ဒေသခံပြည်သူများကိုလည်း COVID -19 ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ဦးရေစုစုပေါင်း ၄၀၀၀ ဦးခန့်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန စာရင်းဇယားအရ သိရသည်။
သန်းသန်း (ပြန်/ဆက်)