ထန်တလန် ဧပြီလ ၂၈
ချင်းပြည်နယ်၊ ထန်တလန်မြို့၌ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှဦးဆောင်ပြုလုပ်သည့် မြို့မိမြို့ဖများ၊ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အသက်(၆၀)နှစ် နှင့်အထက်ရှိသူများအား CovidShield ကာကွယ်ဆေး(ဒုတိယ) အကြိမ်ထိုးနှံပေးခြင်းအခမ်းအနား ကို ဧပြီလ ၂၈ ရက် နံနက် ၉ နာရီအချိန်က ထန်တလန်မြို့၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သည်။
ကာကွယ်ဆေးထိုးနှံခြင်းတွင် CovidShield ကာကွယ်ဆေး (ပထမ)အကြိမ်တွင် ထိုးနှံပြီးသည့် ထန်တလန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများအား ကာကွယ်ဆေးထိုးနှံ ခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း တို့ကို ဆောင်ရွက်ပေးကြရာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ပြီး ဆေးထိုးပြီးသူ များကို မိနစ်(၃၀)ခန့် အနားယူစေခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များက CovidShield ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)