မော်လမြိုင်ကျွန်း ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် အချိန်က မော်လမြိုင်ကျွန်းမြို့နယ်သို့ ရောက်ရှိပြီး ကျွဲခြံချောင်းဖျားကျေးရွာနေ တောင်သူ ဦးတင်သိန်း၏ လယ်မြေဧက ၈ ဧကတွင် မဖောက်ထုံး ထည့်သွင်းခြင်းနှင့် ပိုက်ဆံလျှော်ကြဲပက်ခြင်း လုပ်ငန်းအား ဝင်ရောက်ကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မော်လမြိုင်ကျွန်း မြို့နယ်နှင့် တိုင်းဒေသကြီး ပုသိမ်မြို့သို့ ၃ နာရီအတွင်း ရောက်ရှိမည့် မော်လမြိုင်ကျွန်း မြို့နယ်နှင့် ဝါးခယ်မမြို့နယ်အကြား လမ်းကွန်ယက်ပေါ်ရှိ ဆောက်လုပ်ပြီးစီးပြီဖြစ်သော ဆော်ကဲချောင်း တံတားအား ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီး မြို့နယ်အတွက် လိုအပ်သည့် လမ်းညွှန်ချက်များ ဆွေးနွေးကြကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)