ဘုရားသုံးဆူမြို့တွင် ပီလောပီနံစိုက်ပျိုး

ဘုရားသုံးဆူ ဧပြီ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် ဆန်စပါးအပြင် အခြားရာသီသီးနှံများ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး တောင်သူများအနေဖြင့် ပီလောပီနံများ စိုက်ပျိုးထုတ်လုပ်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပီလောပီနံများသည် ၁ ဧက လျှင် ၂ တန်အထိ ထွက်ရှိပြီး ထွက်ရှိလာသော ကုန်ကြမ်းများအား တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပီလောပီနံ အခြောက် ၁ ကီလို အနေဖြင့် ၄ ဘတ် (နှစ်ထောင်ကျပ်နှုန်း)ဖြင့် ရောင်းချလျက်ရှိပြီး ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ပီလောပီနံစိုက်ဧကပေါင်း ၆၁၃ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဘုရားသုံးဆူ(ပြန်/ဆက်)