စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဘုန်းတော်ကြီး/ သီလရှင်ကျောင်း (၂၂) ကျောင်းတို့အား ဆွမ်းဆန် တော်၊ ဆီနှင့် ကြာဆံများ လှူဒါန်း

စစ်ကိုင်း ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဘုန်းတော်ကြီး/ သီလရှင်ကျောင်း (၂၂) ကျောင်းတို့အား ပစ္စည်းလေးပါးအတွက် ကြောင့်ကြှမှုမရှိစေဘဲ အေးချမ်းစွာ စာသင်၊ စာချခြင်းနှင့် တရားဘာဝနာများ ပွားများနိုင်စေရန်အတွက် ဆွမ်းဆန်တော်၊ ဆီနှင့် ကြာဆံများ လှူဒါန်းခြင်းကို ဧပြီ(၂၆)ရက်၊ ညနေ(၄)နာရီက ရွှေမင်းဝံ(၁)လမ်း၊ ဟုမ္မလင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲသို့ ရွှေမင်းဝံရပ်ကွက်၊ ဝိဇ္ဇာလင်္ကာရကျောင်းတိုက်ဆရာတော် အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြ၍ ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ ဘုန်းတော်ကြီး/ သီလရှင်ကျောင်း (၂၂) ကျောင်းမှ သံဃာတော်/ သီလရှင်များအတွက် တစ်ပါးလျှင် ဆွမ်းဆန်တော်(၁၆)ပြည်၊ ဆီ(၅၀)ကျပ် သား၊ ကြာဆံ(၂၅)ကျပ်သား စုစုပေါင်းဝတ္ထုငွေတန်ဖိုးကျပ် (၂၉၉၂၀၀၀/-) ကျပ်အား လှူဒါန်းရာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းခရိုင် (ပြန်/ဆက်)