ဘားအံ ဧပြီ ၂၇
ကရင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးနိုင်ရန်အတွက် လူထုဖြန့်ပျိုးပင် (၁၀၀၀၀၀)ပင်ကို သစ်မျိုးအလိုက် ပျိုးထောင်စိုက်ပျိုးမှုကို သစ်တောဦးစီးဌာမှ ဆောင်ရွက်ထားကြောင်း သိရသည်။
ဘားအံမြို့တွင်သာမက ကရင်ပြည်နယ်အတွင်း သစ်တောသစ်ပင် ပြုံးတည်းမှုမရှိရေး၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်ပြီး မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးသွားနိုင်ရေးအတွက် ရည်ရွယ်ပျိုးထောင်ထားခြင်းဖြစ်ပြီး ဘားအံမြို့တွင် ကျွန်း၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ စိန်ပန်းကြီး၊ စိန်ပန်းသေး၊ ငုရွှေဝါ၊ ထင်းရှူး၊ မယ်ဇလီ၊ ပျဉ်းမ၊ ကုက္ကိုလ်၊ ခရေ၊ ဗန်ဒါ၊ ပေါက်ပန်းဖြူ၊ သဖန်း၊ မာတာကွတ်၊ ရေဆူးပုတ်၊ တရုတ်တည်၊ ဗာတီဗာမြက် ပျိုးပင်ပေါင်း ပျိုးပင်အရေအတွက်(၁၀၀၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။
အလားတူ သံတောင်ကြီးမြို့နယ်တွင်(၅၅၀၀၀)ပင်၊ လှိုင်းဘွဲမြို့နယ်တွင်(၄၀၀၀၀)ပင်၊ ဖာပွန်မြို့နယ်တွင် (၃၅၀၀၀)ပင်၊ ကော့ကရိတ်မြို့နယ်တွင်(၆၀၀၀၀)ပင်၊ ကြာအင်းဆိပ်ကြီး မြို့နယ်တွင်(၅၀၀၀၀)ပင်၊ မြ၀တီ မြို့နယ်တွင်(၆၀၀၀၀)ပင် ပျိုးထောင်စိုက်ပျိုးထားကြောင်းနှင့် ပြည်နယ်အတွင်း စုစုပေါင်းပျိုးပင်ပေါင်း(၄၀၀၀၀၀)ပင် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်