ကော့သောင်းမြို့တွင် WY မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

ကော့သောင်း  ဧပြီ ၂၇

ကော့သောင်းမြို့နယ် ၊ မူးယစ်တပ်ဖွဲ့စု(၃၄) မှ ဒုရဲအုပ်ဇင်မိုးဦး၊ ဦးစီးသောအဖွဲ့ သည် သတင်းအရ သက်သေများနှင့်အတူ ယမန်နေ့ညနေပိုင်း က ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ထားဝယ်စုရပ်ရှိ ဦးမျိုးအေးပိုင် ၄ ခန်းတွဲတန်းလျား အခန်း(၁)နေ ညီညီ ၏အခန်းကို ရှာဖွေဝရမ်း အမှတ်.၁၀/၂၀၂၁ ဖြင့် ဝင်ရောက်ရှာဖွေရာ ညီညီ (ခ) မင်းသူရိန်စိုး၊ ထွန်းထွန်းဝင်းအောင်၊ ဖြူဖြူအေး(ခ)ခင်သွယ်သွယ်အေးတို့ သုံးဦးနှင့်အတူ WY စာတန်းပါ စိတ်ကြွဆေးပြား ပန်းရောင် စုစုပေါင်း(၁၈၀၀)ပြား၊ အသုံးပြုလက်စ ဆေးရှူကရိယာနှင့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ ညီညီ (ခ) မင်းသူရိန်စိုး၊ ထွန်းထွန်းဝင်းအောင်၊ ဖြူဖြူအေး(ခ)ခင်သွယ်သွယ်အေး တို့သုံးဦးအား ကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ ၎င်းတို့အား အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)