မော်လမြိုင်ကျွန်း ဧပြီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ဥပဒေရုံးသစ် အဆောက်အဦ တည်ဆောက်မည့်မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားအား ဧပြီလ ၂၅ ရက်နေ့ မင်္ဂလာအချိန် နံနက် ၁ဝး၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါပန္နက်တင်မင်္ဂလာအခမ်းအနားအား တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်ခင်နွယ်နှင့် တိုင်းအဆင့်ဥပဒေအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းထက်မှူးနှင့် အတွင်းရေးမှူး ရဲမှူးကိုကိုနိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်၍ ပန္နက်နေရာ ၂၂ ခုအားမင်္ဂလာအချိန်တွင် ရွှေပန္နက်များအား ၉ ချက်တိတိ ရိုက်နိုပ်စိုက်ထူ ဆောင်ရွက်ခဲ့သည်။
အဆိုပါမြို့နယ်ဥပဒေရုံးသစ်အဆောက်အဦသည် ၈၀ပေ×၄၅ပေ အကျယ်အဝန်းရှိပြီး နေမင်းသူရိန်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
အောင်အောင်(ပြန်/ဆက်)