ကျိုက်ဒုံ ဧပြီ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် လာမည်မိုးရာသီးကာလမှာ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးအတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်ပေါင်း(၅၀၀၀)အား စိုက်ပျိုး ထားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို ကျိုက်ဒုံမြို့ သစ်တောဦးစီးဌာနမှ တောအုပ်ဦးတင်ဦးမှ ကျွန်းပင်(၁၀၀၀)ပင်၊ မန်ဂျန် ရှာ(၂၅၀၀)ပင်၊ မဟောဂနီ(၁၅၀၀)ပင်များကို ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာမည်မိုးရာသီကာလ မှာ ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံဝင်းမြေနေရာနှင့် လမ်းဘေးဝဲ၊ ယာများတွင် ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေး ဆောင်ရွက်နေသည့် တောင်သူများထံ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)