သာယာဝတီ ဧပြီ ၂၄
မြန်မာ့မီးရထားဌာနမှ ရန်ကုန်-ပြည် (၆၃)အဆန်ရထားသည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က ရန်ကုန်မှ နံနက် ၆ နာရီခွဲက စတင်ထွက်ခွာလာရာ သာယာဝတီဘူတာသို့ နေ့လယ် ၁၂ နာရီခန့်က ရောက်ရှိခဲ့ပြီး ပြည်ဘက်သို့ ဆက်လက်ထွက်ခွာသွားသည်။
အဆိုပါရထားတွင် အထက်တန်းတွဲ(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲ၊ ကုန်တင်တွဲ(၂)တွဲ၊ ရထားထိန်းတွဲ(၁)တွဲ၊ စက်ခေါင်းမောင်း နားနေတွဲ(၁)တွဲ စုစုပေါင်း(၇)တွဲဖြင့် ပြေးဆွဲလျက်ရှိသည်။ ရထားအား မြို့နယ် အလိုက် ရဲတပ်ဖွဲ့က လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)