မကွေး ဧပြီ ၂၃
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးအောင်ချိန်သည် ယနေ့နံနက်ပိုင်းက မကွေးမြို့၊ အမှတ်( ၁ ) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမတွင်ကျင်းပသည့် မကွေးတိုင်း ဒေသကြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထိုသို့အမှာစကားပြောကြားရာတွင် ပညာရေးဌာနမှဝန်ထမ်းများ၊ဆရာ/ဆရာမအားလုံးကိုတွေ့ရှိရ၍ ဝမ်းသာပါကြောင်း၊ မိမိတို့ဌာန၊ မိမိကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊တစ်ဦးတစ်ယောက်ထဲလုပ်၍မရကြောင်း အားလုံး ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများအောင်မြင်မှာဖြစ်ပါကြောင်း၊ လတ်တလောဖြစ်ပေါ်နေတဲ့ covid-19 ရောဂါ ကူးစက်မှု အခြေအနေများကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါ covid-19 ရောဂါ ကူးစက်မှုလျော့နည်းလာပြီဖြစ်၍ ပိတ်ထားတဲ့ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး အတွက်လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရမှာဖြစ်ပါကြောင်း ၊ပြင်ဆင်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက သတ်မှတ်ထားသော covid-19 ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီပြင်ဆင်ပြီး စနစ်တကျ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ညွှန်ကြားရေးမှူးဒေါက်တာချိုချိုမြတ်အောင်က အစည်း အဝေးသို့တက်ရောက်လာကြသည့် ခရိုင်၊မြို့နယ်ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများနှင့် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွင်း သင်ကြားရေးဆိုင်ရာများ ၊ ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာများ ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်