စေတုတ္တရာမြို့နယ်တွင် ရဟန်းသံဃာများ၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

စေတုတ္တရာ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ရဟန်းသံဃာများ၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က စေတုတ္တရာမြို့ အမှတ်(၁) အ.လ.က (ခွဲ)ကျောင်းတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရဟန်းသံဃာများ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သက်သက်ရည် ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် ရဟန်းသံဃာ များနှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် စေတုတ္တရာ မြို့အတွင်းရှိ ရဟန်းသံဃာများနှင့်ဌာနဆိုင်ရာဝန်ထမ်း (၄၂၀)ဦး၊ ကျေးရွာအုပ်စုများရှိ အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူ (၄၂၅)ဦး စုစုပေါင်း (၈၄၅)ဦးကို ထိုးနှံဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

စည်သူလွင်