ထန်းတပင်မြို့၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်း ဖွင့်လှစ်

ထန်းတပင် (ပဲခူး)   ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင်မြို့၊ သီရိမင်္ဂလာခန်းမ၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းခွင်မွမ်းမံသင်တန်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ မွမ်းမံသင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၆) ခု ၊ ကျေးရွာအုပ်စု (၂၉) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက အုပ်ချုပ်ရေးဥပဒေ၊ နည်းဥဒေများ၊ ပုံစံ၂၇ မျိုး ဖြည့်သွင်းခြင်းဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ဆက်ဆံရေးဆိုင်ရာများ၊  မြေစာရင်းဆိုင်ရာကိစ္စရပ်များအား တစ်ရက်တာ သင်တန်းအဖြစ် ရှင်းလင်းသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်  (ပြန်/ဆက်)