မြိုင်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံသင်တန်းဖွင့်လှစ်

မြိုင် ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းမွမ်းမံ သင်တန်းကို ယနေ့နံနက် နာရီအချိန်က မြို့နယ်ထွေ/အုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန်းထိုက်က အဖွင့်အမှာစကား ပြောကြားသည်။

ထိုသို့အဖွင့်အမှာစကား ပြောကြားရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အချို့အတွက် မွမ်းမံသင်တန်းဖြစ်ပြီး အချို့အတွက်မှာမူ အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ်ငန်းတာဝန်များ၊ ဌာန၏ လုပ်ငန်းတာဝန်များကို ဆွေးနွေးသွားမည် ဖြစ်သောကြောင့် စနစ်တကျ မှတ်သားကာ ဆွေးနွေးကြရန် မှာကြားသည်။

သင်တန်းတွင် မြို့နယ်ထွေ/အုပ် ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်နွယ်ခိုင်နှင့် ဒေါ်သီတာထွန်းတို့က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို လည်းကောင်း ဒုတိယဦးစီးမှူး ဦးသိန်းဇော် က ထူးခြားဖြစ်စဉ်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက သတင်းပေးပို့ရာတွင် သိရှိလိုက်နာ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးပို့ချခဲ့ပြီး အဆိုပါ သင်တန်းသို့  မြိုင်မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၆၇)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဖြိုးမွန်ကျော်