ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ ပဲခူးမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားအား ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နံနက် :၄၅ အချိန်က ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်းပေါ်ရှိ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်း ကောင်ရေ(၂၅၀၀၀၀)တို့အား ပဲခူးမြစ်အတွင်းသို့ ဇီဝိတဒါန ဘေးမဲ့လွှတ် ပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များက ပဲခူးမြို့အတွင်းသို့ ပြည်သူများ လုံခြုံစိတ်ချ အေးချမ်းစွာ သွားလာနေမှုအား မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)