ကသာမြို့ရှိ သံဃာတော်၊ သီလရှင်များနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကသာ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကသာမြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများကို ဧပြီလ(၁၀)ရက်နေ့၊ နံနက်()နာရီအချိန်ခန့်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ သံဃာတော်(၃၁)ပါး၊ သီလရှင်(၁၄)ပါးနှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ     နိုင်ငံ့ဝန်ထမ်း(၅၂၁)ဦးတို့ကို  အချိန်ခွဲ၍ ထိုးနှံပေးခဲ့ကြောင်း၊ ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် နိုင်ငံ့ဝန်ထမ်းများအပြင် ဝန်ထမ်းများ၏ အတူနေ မိသားစုဝင်များကိုပါ ထိုးနှံပေးခဲ့ပြီး ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ အဆိုပါသံဃာတော်၊ သီလရှင်များနှင့် ဝန်ထမ်းများကို မတ်လ(၁၂)ရက်နေ့က ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)