ပင်းတယ ဧပြီ ၁၀
ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးပဒေသာပင်မိသားစု မိုင်းလီကျေးရွာနှင့် ဗန်းမက်ကျေးရွာမှ အလှူရှင်မိသားစုတို့ကလှူဒါန်းသည့် “ရတနာခန်းမဆောင်” ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်မှာ(အလျား ၁၁၀ ပေ၊ အနံ ၆၀ ပေ) ရှိတစ်ထပ် အဆောက်အဦဖြစ်ပြီး အလှူရှင်များမှထည့်ဝင်လှူဒါန်းငွေကျပ် (၆၄,၆၁၃,၀၀ဝိ/-) ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ပြီးစီးပြီးဖြစ်သော ရတနာခန်းမဆောင်အား သက်ဆိုင်ရာသို့ နှောင်ကြိုးမဲ့လှူဒါန်းရာ၌ မိုင်းလီကျောင်းဆရာတော်မှ ဝမ်းမြောက်ဖွယ်ရာ မုဒိတာစကား မိန့်မြွက်ပြောကြားပေးခဲ့သည်။
ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အလှူငွေကျပ် တစ်သိန်းလှူဒါန်းပေးခဲ့ကြောင်းနှင့် အခမ်းအနားတွင် အစိုးရဓမ္မာစရိယအောင်မြင်သော ရဟန်းတော်များနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူ (၁၅) ဦးတို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ပင်းတယ(ပြန်/ဆက်)