စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးနှင့် သံဃာတော်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

စစ်ကိုင်း ဧပြီ ၁၀ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးနှင့် သံဃာတော်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီတွင် တပ်မတော်ဆေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်နှင့် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၌ ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာသို့ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် တာဝန်ရှိသူများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိ တပ်မတော် အရာရှိများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်းသိရသည်။ ဇော်မြင့်နိုင်