လပွတ္တာ မတ် ၂၄
လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း တာ၀န်ထမ်းဆောင်လျက်ရှိသော ၀န်ထမ်း(၆၆၉)ဦး အား ခုတင်(၂၀၀)ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယနေ့နံနက် (၀၉:၀၀)နာရီမှ စ၍ (ပထမ) အသုတ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းအား စတင်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ သိရသည်။
လပွတ္တာခရိုင်အတွင်း တာ၀န်ထမ်းဆောင်နေသော နိုင်ငံ၀န်ထမ်း(၆၆၉)ဦးရှိရာ ၄င်းတို့ကို ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံတစ်နေရာတည်းတွင် နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၄:၀၀)နာရီအထိ ဆေးထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော ၀န်ထမ်းမိသားစု၀င်များကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ဆေးဆိုင်ရာအကြောင်းအရာများ၊ကာကွယ်ဆေးသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဆေးထိုး စုရပ်များ စနစ်တကျစီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးမထိုးသင့်သူများနှင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ဆေးထိုး နှံခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုကိုဆက်သွယ်ပြောဆိုခြင်း စသည့်အချက်များကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက အွန်လိုင်းမှတစ်ဆင့် သင်တန်းပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်