ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံ

လွိုင်ကော် မတ် ၁၀ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဆရာတော်သံဃာတော်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ လွိုင်ကော်မြို့ အတွင်းရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတို့တွင် ထိုးနှံဆောင်ရွက် ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေး ဝန်ထမ်းများက ဌာနဆိုင်ရာ များနှင့် ပြည်သူများအား တစ်ကြိမ်လျှင် ၁၀ ဦးစီခွဲ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျထိုးနှံပေးခဲ့ပြီး ထိုးနှံပြီးသော ဌာနဆိုင်ဝန်ထမ်းများနှင့် ပြည်သူများအား သီးသန့်နားနေဆောင်တွင် မိနစ် ၃၀ ခန့်နား နေဆောင်ရွက်စေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင်လည်းကောင်း၊ နာနတ်တောရပ်ကွက်၊ မင်းစု ရပ်ကွက်များမှ ပြည်သူများအား လွိုင်ကော် ပြည်သူ့ ဆေးရုံကြီးတွင် လည်းကောင်း ထိုးနှံဆောင်ရွက် ပေးခဲ့ပြီး သိက္ခာတော်ရ ဆရာတော် ၁၇ ပါးအား ဒေသ ကွပ်ကဲမှု စစ်ဌာန ချုပ်(လွိုင်ကော်)မှ ဒုတိယဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ ပြည်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က လှူဖွယ်ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ ခရိုင်/ပြန်ဆက်