တောင်ငူ မတ် ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများကို ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီ အချိန်က စတင်ကာ မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးနှင့် နတ်သျှင်နောင်ခန်းမ၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး တစ်လုံးလျှင် ၁၀ ဦးနှုန်းဖြင့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား လေးပတ်အကြာတွင် ဒုတိယ အကြိမ် ကာကွယ်ဆေးကို ထပ်မံထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ခရိုင် (ပြန်/ဆက်)