ဘုတလင် ဖေဖော်ဝါရီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင် မြို့နယ်၌ ဘုတလင်- မောင်းထောင် ကားလမ်းပေါ်တွင် JICA ၏ ချေးငွေ ဖြင့်ကွန်ကရစ်ရေကျော်တံတားနှစ်စင်း တည်ဆောက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကားလမ်းပေါ်တွင် ၇၂ ပေအရှည်ရှိ ကွန်ကရစ်ရေကျော်တံ တားတစ်စင်းနှင့် ၃၆ ပေ အရှည်ရှိ ကွန်ကရစ် ရေကျော်တံတားတစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ ၂၁၄ ဒသမ ၈၇ သန်း၊ ဖြင့် တင်ဒါအောင်မြင်သည့်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိပြီး ကွန်ကရစ် ရေကျော်တံတားများကို ပြီးခဲ့သည့် သြဂုတ်လက စတင် တည်ဆောက်ခဲ့ရာ ၃၂ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါ ဘုတလင်- မောင်းထောင် ကားလမ်းရှိ ကွန်ကရစ်ရေကျော် တံတားနှစ်စင်းကို သတ်မှတ်အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီရေးအတွက် မြို့နယ်အရည်အသွေး စစ်ဆေးရေးအဖွဲ့များ၊ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် JICA မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်း အဆင့်တစ်ခုချင်းအလိုက် ပြီးစီးမှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)