ကသာမြို့နယ်၌ အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်

ကသာ ဖေဖော်ဝါရီ ၉

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျေးလက်ဦးစီးဌာနက ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ကသာခရိုင် ကျေးလက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်သန်းနှင့် မြို့နယ် ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသန်းတို့က စက်ချုပ်သင်တန်းကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သင်တန်းသူ ၂၀ တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ တစ်လကြာ မြင့်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ဦးစိုးသန်းက ပြောသည်။

လူအောင်(ကသာ)