ပြည် ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၊ ပြည်ခရိုင်အမျိုးသမီး ကော်မတီမှ ကြီးမှူးကျင်းပသည့် GENDER /CEDAW/NSPAW အသိပညာပေးအခမ်းအနားကို ပြည်ခရိုင် လူမှုဝန်ထမ်းရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်ခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်က GENDER လူမှု ပုံစံ သွင်းယူခြင်းကို ရှင်းလင်း ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုလိုင်တိုးက CEDAW အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်ရှင်း အကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက NSPAW အမျိုးသမီးများ ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးပြီး ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ပပဝင်းက သက်ငယ် မုဒိမ်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှု အသိပညာပေးအစီအစဉ်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာ သည့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် အကြံပြုခြင်းများ ပြုလုပ် ခဲ့ကြ ကြောင်း သိရ သည်။
မင်းမင်းစိုး (ပြန်/ဆက်)