စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံ

မုံရွာ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် ယနေ့ နေ့လယ် (၂) နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီခန်းမတွင် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးမျိုးမောင်နှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမောင်မောင်လင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် မိမိ၏ ဝန်ကြီးဌာန ဦးစီးဌာနအသီးသီး၏ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဆောင်ရွက်ဆဲလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင်ကြရန်နှင့်  တိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရေး၊ တိုင်းဒေသကြီး တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လိုအပ်သည့် လုပ်ငန်းများကို ကျွန်တော့်အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းကိုကို (တိုင်းဒေသကြီး ပြန်/ဆက်)