ကျိုက်ဒုံ ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဏာရေးနှစ် ပြည်နယ် ဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၁၄.၃၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်၃ရပ်ကွက်၊ စံပယ်လမ်းကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လမ်းပေအရှည် (၆၂၀)ပေ၊အကျယ်(၁၂)ပေ၊(၆) လက်မထု ရှိပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လမ်းသည် ကျိုက်ဒုံမြို့ ဘုရင့်နောင်လမ်းမကြီးနှင့် ဆက်သွယ်ထားသောလမ်းသွယ်ဖြစ်ပြီး ရာသီမရွေးအသုံးပြုနိုင်စေရေး အတွက် ကျိုက်ဒုံမြို့စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)