ကော့ကရိတ် ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် လုပ်ငန်းများ ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာကေ့ာကရိတ်မြို့နယ်အတွင်းရှိ ကော့ခိုက်ကျေးရွာနှင့် ကမ္မရာကျေးရွာများ၌ ကျေးရွာစာသင်ကျောင်း ဆောင်သစ် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျောင်းဆောင်သစ်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေကျပ် (၅၃၇)သိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အတိုင်းအတာအားဖြင့် ကော့ခိုက်ကျေးရွာတွင် (အလျား ၄၀ ပေ ၊အနံ ၃၀ပေ ၊ အမြင့် ၁၂ပေ) နှင့် ကမ္မကျေးရွာတွင် (အလျား ၆၀ ပေ ၊ အနံ ၃၀ပေ ၊ အမြင့် ၁၂ပေ)ဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ၆၀-ရာခိုင်းနှုန်းခန့်ဆောင်ရွက် ပြီးစီးပြီဖြစ်ပါသည်။
အဆိုပါတိုးချဲ့ကျောင်းဆောင်ဆောက်လုပ်ခြင်းကို လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ၁၀၀%ပြီးစီးပါက ကျောင်းနေအရွယ် ကလေးသူငယ်များစုစုပေါင်း (၄၁၀)ဦး အတွက် စာသင်ကြားရာတွင် လုံလောက်သောစာသင်ခန်းများဖြင့် ကောင်းမွန်စွာ ပညာသင်ကြားနိုင်မည် ဖြစ်ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)