ချီဖွေ သြဂုတ် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် မြို့တွင်းလမ်းမီးများ တိုးချဲ့ထွန်းလင်းနိုင်ရေး (Solar) လမ်းမီးတိုင်များ ဝယ်ယူတပ်ဆင်နိုင်ရန်အတွက် နန်းဦးချီဖွေငယ် ရေးအားလျှပ်စစ် စက်ရုံမှ ငွေကျပ်သိန်း (၁၀၀) လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၃) နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လာရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရာတွင် ချီဖွေမြို့တွင်းလမ်းမီးများ တိုးချဲ့ထွန်းလင်းနိုင်ရေးအတွက် နန်းဦးချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ မြစ်ကြီးနားမြို့ ဆက်ဆံရေးတာဝန်ခံ ဒေါ်ရင်ရင်နှင့် အဖွဲ့ဝင်တို့က ချီဖွေမြို့တွင်း (Solar) လမ်းမီးတိုင်များ ဝယ်ယူတပ်ဆင်နိုင်ရန် အတွက် ငွေကျပ် သိန်း (၁၀၀) ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးညွန့်ဆွေ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဇောင်းရယ်နှင့် မြို့နယ် လျှပ်စစ်ဦးစီးမှူး ဦးထွန်းထွန်းနိုင် တို့မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
နန်းမြင့်(မြို့နယ် ပြန်/ဆက်)