သံတောင်ကြီး ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား နှစ်စဉ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ် မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သော စီပင်ကလေးကျေးရွာအုပ်စု၊ စီပင်ကလေး(မိုင်-၂၀) ကျေးရွာ၏ ပဥ္စမနှစ်စက်ဝန်း မြစိမ်းရောင် ရန်ပုံငွေအတိုးရငွေနှင့် ကျေးရွာပြည်သူများပူးပေါင်းဆောင်ရွက် သောကျေးရွာ အတွင်း ကွန်ကရစ် လမ်း ဖွင့်ပွဲ အခမ်းအနား အား ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က စီပင်ကလေး ကျေးရွာတွင်ပြု လုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းမှ ကွန်ကရစ်လမ်းသစ်အား ရေရှည်တည်တံ့ ခိုင်မြဲစေရန်၊ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီနှင့် ကျေးရွာ သူကျေးရွာ သားများမှ ဝိုင်းဝန်းထိမ်းသိန်းကြရန်လိုကြောင်း၊ နောက်နှစ်များတွင်လည်း ကျေးရွာအတွင်း လိုအပ်သော ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး စီပင်ကလေးကျေးရွာ မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှလမ်းဖြစ်မြောက်ရေးနှင့်လမ်းခင်း ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်း ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် စီပင်ကလေး ကျေးရွာ မြစိန်းရောင်ကော်မတီ ဥက္ကဋ္ဌ ဦးစောလားစတု တို့က ကျေးရွာတွင်းကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ခြင်းကိုမြစိမ်းရောင်ရန်ပုံငွေအတိုးရငွေကျပ်သိန်း(၁၀၀) နှင့်ပြည်သူ ထည့်ဝင်ငွေတို့ ပူးပေါင်းပြီး အရှည်(၈၅၀)ပေ ၊အကျယ်(၁၀)ပေ၊ ထု(၆)လက်မရှိပြီးကျေးရွာရှိအိမ် ခြေ(၂၃၀)အိမ် ၊ လူဦးရေ(၁၀၉၇)ဦးအတွက် အကျိုးသက်ရောက်မှုရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်