ချောက်မြို့နယ် သာယာကုန်းကျေးရွာတွင် တောင်သူအသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်

ချောက် ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ၊ကြို့ပင်အုပ်စု၊ သာယာကုန်းကျေးရွာ၊ ရွာဦးကျောင်းတွင် ယမန်နေ့ နေ့လယ်(၁) နာရီက တောင်သူများ (GAP) အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် စိုက်ပျိုးဦးစီးဌာန၊ မကွေးတိုင်းဦးစီးမှူးရုံး သီးနှံကာကွယ်ရေးဌာနမှဦးစီးအရာရှိ ဦးစိုးသိန်းက ပိုးသတ်ဆေးများ စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများ၊ သီးနှံများတွင်ကျ​ရောက်တတ်သော မှိုရောဂါအကြောင်းများနှင့် မကွေးရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ထွေးယဉ်မှလည်း ပိုးသတ်ဆေး အမျိုးမျိုးနှင့်အာနိသင်များအ​​​​ကြောင်း စိုက်ခင်း များအောင်မြင်စေရေးအတွက် ဘက်စုံ ပိုးမွှားကာကွယ်နည်းများအကြောင်း အသိပညာပေး ဆွေးနွေးပေးရာ တက်ရောက် လာသော တောင်သူများမှလည်း သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ချောက်မြို့နယ် စိုက်ပျိုးရေးဦးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးမြင့်မြတ်သင်းနှင့် ဝန်ထမ်းများမှ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲနည်းများ၊ သဘာဝ ပိုးသတ်ဆေး၊ သီးပွင့်အား‌ဆေး၊ရွက်ဖျန်း အား‌ဆေးများဖျော်စပ်ပြသပေးဝေခြင်း၊ စိုက်ပျိုးရေး ဆိုင်ရာများ ဖုန်းapplication များ ထည့်သွင်း ပေးခြင်းများ ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

မချို(ပြန်/ဆက်)