မြိတ်မြို့နယ် ပသောင်းကျေးရွာတွင် လျှပ်စစ်မီး မိန်းခုံ ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွား

 

မြိတ်   ဇန်နဝါရီ  ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ၊ ပသောင်း ကျေးရွာတွင် ယနေ့ နံနက် (၂)နာရီခွဲခန့်က ဦးတူး ပိုင်ဆိုင်သော  အလျား ( ၁၅ ) ပေ ၊ အ နံ ( ၃၀ ) ပေ ၊ ဓ နိ မိုး ၊ ထ ရံ ကာ ၊ ကွန်ကရစ် ခင်း ၊ နှစ်ထပ် နေအိမ်တွင် နေအိမ်အောက်ထပ်အတွင်းရှိ လျှပ်စစ် မိန်း ခုံ ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၃ လုံးနှင့် ငါးခန်းတွဲ ၊ တစ်ထပ်ဈေးဆိုင်ခန်း ( ၁ )လုံး ၊ ကွမ်းယာဆိုင် ( ၁ ) ဆိုင် ၊ ကုန် စုံ ဆိုင် ( ၁ ) ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသေဆုံးမှုမရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှု ကြောင့် အလျား ( ၁၅ ) ပေ ၊ အနံ ( ၃၀ ) ပေ ၊ ဓနိမိုး ၊ ထရံကာ ၊ ကွန်ကရစ်ခင်း နှစ်ထပ်နေအိမ် ( ၁ ) လုံး ၊ အလျား ( ၁၅ ) ပေ ၊ အ နံ ( ၃၀ ) ပေ ၊ ဓ နိ မိုး ၊ ထရံကာ ၊ ပျဉ်ခင်း ၊ နှစ်ထပ်နေအိမ် ( ၁ ) လုံး ၊ အလျား ( ၂၀ ) ပေ ၊ အနံ ( ၄၀ ) ပေ ၊ ဓနိ မိုး၊ အုတ်ကာ ၊ ကွန်ကရစ်ခင်းတစ်ထပ်နေအိမ် ( ၁ ) လုံး ၊ စုစုပေါင်း နေအိမ် ( ၃ ) လုံး ၊ အလျား ( ၅၀ ) ပေ ၊ အ နံ ( ၂၀ ) ပေ ၊ ဓ နိ မိုး ၊ ထ ရံ ကာ ၊ ပျဉ် ခင်း ငါး ခန်း တွဲ ၊ တစ် ထပ် ဈေး ဆိုင်ခန်း ( ၁ ) လုံး ၊ အလျား ( ၇ ) ပေ ၊ အ နှံ ( ၉ ) ပေ ၊ သွပ် မိုး ၊ သွပ် ကာ ၊ ကွန်ကရစ် ခင်း တစ် ထပ် ကွမ်းယာဆိုင် ( ၁ ) ဆိုင် ၊ အလျား ( ၃၅ ) ပေ ၊ အ နံ ( ၂၀ ) ပေ ၊ သွပ် မိုး ၊ ထ ရံ ကာ ၊ ပျဉ် ခင်း တစ် ထပ် ကုန် စုံ ဆိုင် ( ၁ ) ဆိုင် ၊ Wave 110 ( 2015 ) ဆိုင်ကယ် ( ၁ ) စီး ၊ Wave i 125(2011 ) ဆိုင်ကယ် ( ၁ ) စီး ၊ စက်ဘီး ( ၂ ) စီး ၊ စပါး ( ၁၃၀ ) တင်း နှင့် ကုန် ခြောက် ပစ္စည်းများ မီးလောင် ဆုံးရှုံး ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ( ၉၉၈၂၀၀၀ ) ခန့် ရှိကြောင်း သိရသည်။

မီးလောင်မှုသတင်းအား ပြည်သူ တစ် ဦး မှ တယ်လီဖုန်း သတင်း ပေးပို့ သဖြင့် မြိတ်ခရိုင် မီးသတ် ဦး စီး မှူး ဦး ဇော်ဝင်း ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ဝင်များ ၊ အ ရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ၊ တပ်မတော်သားများ ၊ ပြည်သူများပူးပေါင်း၍ ဗဟိုမီးသတ် စခန်းမှ အုပ်ချုပ်မှု ယာဉ် ( ၁ ) စီး ၊ ရှာဖွေ ကယ်ဆယ် ရေး ယာဉ် ( ၁ ) စီး ၊ မီးငြှိမ်းသတ်ယာဉ် ( ၃ ) စီး ၊ မီးသတ် ရေသယ် ယာဉ် ( ၃ ) စီး ၊ ကျွဲ ကူး နယ်မြေ မီးသတ် စခန်းမှ မီး ငြိမ်း သတ် ယာဉ် ( ၁ ) စီး ၊ မီးသတ် ရေသယ် ယာဉ် ( ၁ ) စီး ၊ အ ရန် မီးသတ် စခန်းမှ မီး ငြှိမ်း သတ် ယာဉ် ( ၅ ) စီး ၊ မီးသတ် ရေ သယ် ယာဉ် ( ၃ ) စီး တို့ ဖြင့် သွားရောက် မီး ငြိမ်း သတ် ခဲ့ရာ (၀၃ ၁၆) အချိန်တွင် မီး ထိန်းနိုင်ခဲ့ပြီး ၊ နံနက်(၃)နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

မြိတ်ခရိုင် ပြန်/ဆက်