ပြည်မြို့၌ ဆယ်အိမ်မှုး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ကြီးကြပ်ရေးအဖွဲ့ဝင် ငါးဦးရွေးချယ်ပွဲ ကျင်းပပြုလုပ်

ပြည် ဇန်နဝါရီ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရွှေပလ္လင်မှော်ဘုရား သန်းကြွယ်ဓမ္မာရုံ၌ ယမန်နေ့နံနက်၁၀နာရီအချိန်တွင် ပြည်မြို့နဝင်း ရပ်ကွက် ဆယ်အိမ်မှုး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ရပ်မိရပ်ဖကြီးကြပ်ရေး အဖွဲ့ဝင် ငါးဦးရွေးချယ်ပွဲ ကျင်းပပြုလုပ်သည်။

အခမ်အနားတွင်ရှေးဦးစွာပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျကရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်နိုင်ရေးအတွက် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ရှင်လင်းပြောကြားသည်။

ထို့နောက်နဝင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်ရွေးချယ်နိုင်ရေးအတွက် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့ဝင်ငါးဦးကိုပြည်သူများ၏ အဆိုပြုချက်အရရွေးချယ် ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် မွန်းလွဲ ၂ နာရီအချိန်တွင်ပြည်မြို့ ခေတ္တရာရပ်ကွက် အမှတ်(၅) အခြေခံပညာ အထက်တန်း ကျောင်းပညာ တံခွန်ခန်းမ၌ ခေတ္တရာရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရန်အတွက် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့ဝင် ငါးဦး ရွေးချယ်ပွဲကိုဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သစ်ရွေးချယ်နိုင်ရေးအတွက် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့များရွေးချယ်ရခြင်းနှင့် ပတ်သက်၍ရှင်းလင်း ပြောကြားပြီး၊ ပြည်သူများကသိရှိလိုသည်များကိုပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရပ်မိရပ်ဖကြီးကြပ်ရေးအဖွဲ့ဝင်ငါးဦးကိုပြည်သူများ၏ အဆိုပြုထောက်ခံမှုများအရရွေးချယ်ပေးခဲ့ကြောင်းသိရသည်။

မင်းမင်းစိုး(ပြန်/ဆက်)