ရေနံချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃ ဦး ထပ်တိုးတွေ့ရှိ စုစုပေါင်းအတည်ပြုလူနာ ၁၅၈ ဦးအထိရှိလာ

ရေနံချောင်း ဇန်နဝါရီ ၃၀

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ် ်လျှပ်စစ်အင်ဂျင် နီယာရုံးမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့်ထိစပ်သူ ၁၂ ဦးအား ဇန်နဝါရီ ၂၉ ရက်နေ့က မြို့နယ် ပြည်သူ့ဆေးရုံ ကြီး၌ (RDT) Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၃ ဦး ထပ်တိုးတွေ့ရှိခဲ့ပြီး ရေနံချောင်း မြို့နယ်အတွင်း စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ ၁၅၈ ဦးအထိရှိလာကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

အဆိုပါပိုးတွေ့လူနာများမှာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှက်စစ်အင်ဂျင်နီယာရုံးမှ အသက်(၄၂)နှစ် အရွယ် အငယ်တန်းစားရေး အမျိုးသမီးဝန်ထမ်း တစ်ဦး၊ အသက် (၃၂)နှစ် အရွယ်နှင့် အသက်(၂၅) နှစ်အရွယ် နေ့စားအမျိုးသမီးဝန်ထမ်း နှစ်ဦးတို့ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လူမှုရေးအသင်းအဖွဲ့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ သီးခြားအဆောင်တွင် လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရေနံချောင်းမြို့နယ်၌ ယခုလအတွင်း အနံ့ပျောက်လူနာများတွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၁၅၈ ဦးအထိ ရှိသွားပြီဖြစ်သည်။ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၀ ဦးရှိပြီဖြစ်ကာ မြို့နယ်ပြည်သူ့ဆေးရုံသီးခြားလူနာကုသအဆောင်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၇ ဦးနှင့် မကွေးသင်ကြားရေးဆေးရုံတွင် ၁ ဦး စုစုပေါင်းအတည်ပြုလူနာ ၂၈ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်  အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

မြို့နယ်ပြန်/ဆက်