တနင်္သာရီ ဇန်နဝါရီ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ သော မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် မြို့နယ်အဆင့်နှစ်ပတ်လည်သုံးသပ်ဆွေနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ၂၈ရက်နေ့ မွန်းလွှဲ ၁နာရီအချိန်က တမုတ်ချုန်းကျေးရွာအုပ်စု တမုတ်ချုန်းကျေး ရွာဘက်စုံ သုံးခန်းအတွင်း၌ ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်ရာ ၎င်းအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း (ကိုယ်စား)မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလုပ်အမှုဆောင်ဦးအောင်ဆန်းဝင်း၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့်မိတ်ဘက်ဌာနဆိုင်ရာ ဦးစီးမှူးများ၊ မြို့နယ်နှင့်ကျေးရွာ မြစိမ်းရောင် အကောင် အထည်ဖော်ရေးကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း(ကိုယ်စား) ဦးအောင်ဆန်း ဝင်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးတို့က အမှာစကားများပြောကြားပေးကြပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးရယ်လွင် ကသုံးသပ်ဆွေး နွေးပွဲပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ ကျေးရွာ(၁၆)ရွာမှ မြစိမ်းရောင်အကောင်အထည်ဖော်ရေး ကော်မတီဝင်များက အုပ်စု(၆)စုခွဲ၍ စီမံကိန်းလုပ်ငန်းအား အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် စီမံကိန်း လုပ်ငန်းများ၏ အားနည်းချက်/ အားသာချက်များ/ အခက်အခဲများကို အကြံပြုဆွေးနွေး တင်ပြနိုင်ရန် လုပ်ငန်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ဆွေးနွေးညှိနှိုင်းကြကာ ၎င်းဆွေးနွေးချက် ရလာဒ်များကို အုပ်စုတစ်ခုချင်းအလိုက်ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြရာ ဆွေးနွေးမှုရလာဒ်များနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူးဦးစိုးရယ်လွင်က အနှစ်ချုပ်ပြန်လည် ဆွေးနွေး ပေးပြီး နောက် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကြကြောင်း သိရှိရသည်။ ထို့နောက်မြစိမ်းရောင် စီမံကိန်းတစ်နှစ်တာအတွင်းအကောင်အထည်ဖော်နိုင်မှုအကောင်းဆုံး(ပထမ)ဆုရရှိသော အရှေ့မော်တုန်းကျေးရွာ၊ (ဒုတိယ)ဆု အရှေ့ဘန်လောကျေးရွာနှင့်(တတိယ)ဆု တားပလပ်ကျေးရွာ ကော်မတီ ဥက္ကဋ္ဌ တို့အား မြို့နယ်ကျေးလက်ဦးစီးဌာန ဦးစီးမှူးနှင့်မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်၊ မြို့နယ်သမဝါယဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင် တို့က ဆုတံတိပ်များ ကို ချီးမြှင့်ပေးအပ်သည်။
တနင်္သာရီမြို့နယ်တွင် (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ်မှစ၍ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်အ တွင်း ကျေးရွာ (၁၆)ရွာတို့မှာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)