ကော့ကရိတ် ဇန်နဝါရီ ၂၉
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် လောင်းကိုင်ကျေးရွာ ရွာတွင်းလျှပ်စစ်မီးရရှိခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၌ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းသိရပါသည်။
အဆိုပါ လျှပ်စစ်မီးရရှိရေးအတွက် လမ်းမီးတိုင် မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းရန်ပုံငွေ ကျပ်(၃၉၆)သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး မီးကြိုးအရှည် (၉၅၅၀) ပေရှိသော မီးတိုင် (၅၉)တိုင်ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ယခုအခါ ထိုစီမံကိန်းလုပ်ငန်းခွဲအားဖြင့် ကျေးရွာတွင်နေထိုင်သော အိမ်ထောင်စု (၂၂၅) စု လူဦးရေ (၉၇၀)ဦး အတွက် လုံခြုံစိတ်ချစွာဖြင့် အချိန်မရွေး သွားလာနိုင်၍ အရေးပေါ် အခြေအနေများအတွက် များစွာ အဆင်ပြေ လျက်ရှိပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် အထောက်အကူများစွာ ရရှိလျက် ရှိကြောင်းနှင့် ကျေးရွာသူ/သားများ၏ မျှော်လင့်ချက်များ ပြည့်ဝလာလျက်ရှိကြောင်း သိရှိရပါသည်။
ကျော်စိုးလွင်(ခရိုင်- ပြန်/ဆက်)