ဖရူဆို ဇန်နဝါရီ ၂၉
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် လာမည့်အစိုးရသက်တမ်းအတွက် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ပြန်လည်ရွေးချယ်နိုင်ရန် အတွက် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာ ပေးခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နေ့လည် ၁ နာရီအချိန်က ညောင်ဇင်ရပ်ကွက် ဧမာနွေလခန်းမဆောင် ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ရပ်ရွာအတွင်းမှာရှိသည့် ပြည်သူများက ရွေးချယ် ရမည်ဖြစ်သဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများကို ဦးစားပေးရွေးချယ်ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ ဆိုင်ရာများ၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့်အရည် အချင်းများ၊ နည်းဥပဒေပါ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်တို့ကို ရှင်းလင်းဆွေးနွေးပြီး အများပြည်သူ ရွေးချယ်တင်မြှောက်သော ကြီးကြပ်ရေးအဖွဲ့ ကိုယ်စားလှယ်များကို ဖွဲ့စည်းအတည်ပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)