ဒီးမော့ဆို ဇန်နဝါရီ ၂၉
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး ကြီးကြပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက နန်းမယ်ခုံမြို့ မြို့အုပ်ချုပ်ရေးမှူးရုံးရှေ့ ဒီးမော့ဆို-မိုးဗြဲ သွားလမ်းမပေါ်၌ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြီးကြပ်ဆောင်ရွက်ရာတွင် နန်းမယ်ခုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမြတ်သူ ဦးဆောင်သော ကျန်မားရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး ကြီးကြပ်ဆောင်ရွက်ပြီး နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသော ပြည်သူ ၃၀ ဦးအား တစ်ဦးလျှင် ဒဏ်ငွေ ၂၀၀ ကျပ် ပေးဆောင်စေကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)