ကျွန်းစု ဇန်နဝါရီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မြတ်ထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကော်မတီဝင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြတ်ထွန်းက အဖွင့်အမှာစကား ပြောကြား သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇင်မင်းထွန်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနိုင်လင်းထွန်းက သုံးသပ်ဆွေးနွေးပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးစိုးနိုင်က မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးသည်။
ဆက်လက်ပြီး (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် မည့် တာရပိုင်းကျေးရွာအား ရန်ပုံငွေသိန်း(၃၀၀)အား လွှဲပြောင်းပေးအပ်ကာ (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်းဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စံပြကျေးရွာများအဖြစ် ပထမဆုရ အညှင်းကျေးရွာ၊ ဒုတိယဆုရ မရမ်းချောင်းကျေးရွာ၊ တတိယဆုရ ဝါရစ်(မြန်မာ) ကျေးရွာတို့အား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော ကျေးရွာကော်မတီဝင် များက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်၊ အခက်အခဲနှင့်အကြံပြုချက်များကို အုပ်စုလိုက်ဆွေးနွေးခြင်းနှင့် ရလဒ်များအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက အနှစ်ချုပ် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းကျော်စော(ပြန်/ဆက်)