အုတ်ဖို ဇန်နဝါရီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူရန် ကျန်ရှိသူ (၃)ဦးမှာ ယနေ့ နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ဆေးရုံဆင်းခွင့် ရသူများအား မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ Sister ဒေါ်တင်မိုးထွေးက ကျန်းမာရေး ကောင်းမွန် ကြောင်း ထောက်ခံစာများ ပေးအပ်ပြီး မိမိတို့နေအိမ်တွင် နေထိုင်ရမည့် စည်းကမ်း ချက်များကို မှာကြားကာ စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက် အကူပြု ပစ္စည်းများကို အလှူရှင်များကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ အုတ်ဖိုမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၈၁)ဦးရှိရာ ၄င်းတို့အားလုံးမှာ သက်ဆိုင်ရာဆေးရုံများမှ ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိကာ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှု ခံယူနေသူမရှိတော့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောင်သူ(အုတ်ဖို)