၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် ကျောင်းဆောင်သစ်များအား ပန္နက်စိုက်ထူ

သဲကုန်း ဇန်နဝါရီ  ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သဲကျောကြီးကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာ၊ ညောင်းဝင်းကျေးရွာ နှင့် လက်ပံပင် လေး ကျေးရွာများတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်မည့် ကျောင်းဆောင် သစ်များအတွက် ပန္နက်စိုက်ထူ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပပြု လုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးဝင်း၊ မြို့နယ် ပညာရေးမှူး ဦးဌေးဝင်း၊ မြို့နယ်လမ်းဦးစီးဌာန SAE ဦးသိန်းဇော်၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးများနှင့် ကျောင်း အကျိုးတော် ဆောင် ကော်မတီဝင်များ၊ တာဝန်ယူ တည်ဆောက်မည့် တင်ဒါ အောင်ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)